Noble Nine Nine Co.,Ltd သည် ၁၅:၁၅:၁၅ ကွန်ပေါင်းဓာတ်မြေသြဇာများကို တာချီလိတ်-မယ်ဆိုင် တံတား ၂ မှတဆင့်မြန်မာနိုင်ငံအတွင်းသို့ ဇွန်လ ၂၅ ရက်နေ့တွင်တရားဝင်တင်သွင်းခဲ့ကြောင်းသိရသည်။
မြန်မာနိုင်ငံ၏စိုက်ပျိုးရေးကဏ္ဍအတွက် Noble Nine Nine Co.,Ltd သည် အစွမ်းကုန်ပါဝင်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်သည်။ တောင်သူများနှင့်ပူးပေါင်း၍ စိုက်ပျိုးရေးသုတေသန လုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ပြီး ယခုတင်သွင်းလာသော ၁၅:၁၅:၁၅ ကွန်ပေါင်းဓာတ်မြေသြဇာများသည် သီးနှံအာဟာရအတွက် လိုအပ်သောဓာတ်များကို မြန်ဆန်ထိရောက်စွာဖြည့်တင်းပေးနိုင်သော အသုံးဝင်သောမြေသြဇာတစ်မျိုးဖြစ်ကြောင်းနှင့် ၁၅:၁၅:၁၅ ကွန်ပေါင်းဓာတ်မြေသြဇာ၏ တင်သွင်းမှတ်ပုံတင်အမှတ်မှာ တသ- ၇၉၆၈ ဖြစ်ကြောင်းသတင်းရရှိသည်။
